
တောင်ကြီး မတ်-၁၅
စားသုံးသူများ၏ အကျိုးစီးပွားကို ပိုမိုအာရုံစိုက်မိလာစေရန်နှင့် စားသုံးသူများ၏ အခွင့်အရေးများကို အလေးထားလိုက်နာ အကောင်အထည်ဖော်နိုင်စေရန်အတွက် ရည်ရွယ်ပြီး ကမ္ဘ့ာစားသူအခွင့်အရေးများနေ့ကို မတ်(၁၅)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကမ္ဘ့ာစားသုံးသူ အခွင့်အရေးများနေ့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့ (Consumers International-CI)က ကမ္ဘ့ာနိုင်ငံများမှ စားသုံးသူ ကာကွယ်ရေးနှင့်ပတ်သက်၍ အလေးအနက်ထား ဆောင်ရွက်နိုင်ရန်အတွက် နှစ်စဥ်ဆောင်ပုဒ်တစ်ရပ်ကို သတ်မှတ်ထုတ်ပြန်ပေးလျက်ရှိရာ ယခုနှစ် ကမ္ဘ့ာစားသုံးသူ အခွင့်အရေးများနေ့၏ ဆောင်ပုဒ်မှာ “မျှတအလေးမူတာဝန်ယူ၊ စားသုံးသူအကျိုးပြု ဥာဏ်ရည်တု” (Fairand Responsible AI For Consumers)ဖြစ်ပါကြောင်း၊ စားသုံးသူများသည် ကမ္ဘ့ာအင်အားအကြီးဆုံး အုပ်စုတစ်ခုဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသော၊ အားကောင်းသော လူသားအရင်းအမြစ်များဖြစ်ပြီး စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းသော၊ ဆန်းသစ်သည့် အဆင့်မြင့်နည်းပညာများဖြင့် ကမ္ဘ့ာအင်အားကြီးဆုံး အုပ်စုဖြစ်သည့် စားသုံးသူများအုပ်စုကို ကာကွယ်ပေးခြင်း၊ အကျိုးပြုခြင်း၊ လူမှုဘဝပတ်ဝန်းကျင်ကို လုံခြုံစိတ်ချစေသော၊ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်တစ်ခုရရှိရန် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦးက စားသုံးသူကာ\ကွယ်ဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clipဖွင့်လှစ်ပြသ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စားသုံးသူရေးရာဦးစီးဌာနမှ ပညာပေးစာစောင်များ၊ စာအုပ်များ ကြည့်ရှုကြကြောင်း သိရသည်။
ထို့နောက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ပဥ္စမနေ့ ရှုပဘာသာရပ်၊ သမိုင်းဘာသာရပ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှူအားပေးခဲ့ကြကြောင်းနှင့် အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲပဥ္စမနေ့တွင် ရူပဘာသာရပ်နှင့် သမိုင်းဘာသာရပ် ဖြေဆိုသူ (၃၅၄)ဦးရှိကြောင်းသိရသည်။
၎င်းနောက် အိမ်တော်ဝင်းရှေ့နှင့် တောင်ကြီးဟိုတယ်ရှေ့ရှိ နေရာများတွင် အများပြည်သူများအပန်းဖြေ အနားယူနိုင်ရန်နှင့် အားကစားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကွင်းဆင်းကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနကို လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပြီး ရုံးကြီးလမ်းနှင့် ယခင်အစိုးရရုံးရှေ့ မြို့သန့်ရှင်းသာယာ လှပရေးအတွက် လမ်းဘေးဝဲယာ အမှိုက်မြက်များ၊ ရေနုတ်မြောင်းများ သန့်ရှင်းမှုရှိစေရေးအတွက် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး