တောင်ကြီး မတ်-၁၄
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီး ပညာရေးဒီဂရီကောလိပ်နှင့် လွိုင်ကော် ပညာရေးဒီဂရီကောလိပ် နှစ်ဝက်ဆုံး ဆုချီးမြှင့်ခြင်းနှင့် စွမ်းရည်ပြသခြင်းကို မတ်(၁၃)ရက်မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ တောင်ကြီး ပညာရေးဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ ကျင်းပသည်။
နှစ်ဝက်ဆုံးဆုချီးမြှင့်ပွဲ့နှင့် စွမ်းရည်ပြပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံအတွက်လိုအပ်သော ပညာအခြေပြုလူ့စွမ်းအား အရင်းအမြစ်များစွာကို မွေးထုတ်ပေးနိုင်ရန် အဓိကအခန်းကဏ္ဍမှ တာဝန်ယူရမည့်သူများမှာ ဆရာအတတ်ပညာအရည်အသွေး ပြည့်ဝကျွမ်းကျင်သော ဆရာများဖြစ်ပါကြောင်း၊ ပထမနှစ်(ပထမနှစ်ဝက်)၊ ဒုတိယနှစ်(ပထမနှစ်ဝက်)နှင့် (ဒုတိယနှစ်ဝက်)၊ တတိယနှစ်(ပထမနှစ်ဝက်)တို့၏ စာသင်နှစ်ဝက်(၄)မျိုးအတွက် ကျောင်းသားအရေအတွက်များမှာ တောင်ကြီး ပညာရေးဒီဂရီကောလိ ပ်(၆၅၄)ဦးနှင့် လွိုင်ကော် ပညာရေးဒီဂရီကောလိပ် (၂၉၅)ဦးတို့ကိုလက်ခံပြီး စခန်းသွင်းသင်ကြား လေ့ကျင့်နေသည်ကိုသိရှိရပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် ၂၁ရာစု၏စိန်ခေါ်မှုကို ရင်ဆိုင်ယှဥ်ပြိုင်၍ အနိုင်ယူကာနိုင်ငံတိုးတက်သည်ထက် တိုးတက်အောင်တည်ဆောက်ပေးမည့် အနာဂတ်နိုင်ငံ့သားကောင်းများကို မွေးထုတ်ပေးနိုင်သူ ဆရာကောင်း၊ ဆရာတော်များဖြစ်အောင် ကြိုးစားလေ့ကျင့် သင်ကြားပေးကြရန် ပြောကြားသည်။
ဆက်လက်၍ တောင်ကြီး ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူဦးမှ ကျောင်းနှင့်ပတ်သသ်၍ ရှင်းလင်းပြီး ကျောင်းသား၊ ကျောင်းသူများမှ ကာယစွမ်းရည်၊ ဂီတစွမ်းရည်များပြသ၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တောင်ကြီး ပညာရေးဒီဂရီကောလိပ်နှင့် လွိုင်ကော် ပညာရေးဒီဂရီကောလိပ်အတွက် ထောက်ပံ့ငွေများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးများမှ လက်ခံရယူပြီး ကျောင်းသား၊ ကျောင်းသူများမှ လေးနှစ်သင်ပညာရေးစနစ်မှ ရရှိလာမည့်ဥာဏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း ရှင်းလင်းပြီး ပန်းချီစွမ်းရည်၊ အိမ်တွင်းမှုစွမ်းရည်၊ စက်မှုစွမ်းရည်၊ စိုက်ပျိုးရေးစွမ်းရည်၊ ICTစွမ်းရည်တို့ ပြသကြသည်။
ထို့နောက်နှစ်ဝက်ဆုံးဆုနှင့် ထူးချွန်ဆုများရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့်ပေးကြ ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး