တောင်ကြီး မတ်-၁၄
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မတ်(၁၄)ရက်နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ စတုတ္ထနေ့ ဓာတုဗေဒ၊ ပထဝီဝင်ဘာသာရပ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။ အဆိုပါတက္ကသိုလ်ဝင်တန်း စာမေးပွဲစတုတ္ထနေ့ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ သိပ္ပံတွဲဓာတုဗေဒဘာသာရပ်၊ ဝိဇ္ဇာတွဲပထဝီဝင်ဖြေဆိုသူ ရာခိုင်နှုန်း(၉၇.၅၀%)နှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဓာတုဗေဒ၊ ပထဝီဝင်ဘာသာရပ် ဖြေဆိုသူ(၄၉၃)ဦး ရှိကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး