
ကျိုင်းတုံ မတ်-၁၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မတ်(၁၂)ရက်နံနက်(၁၁)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတက္ကသိုလ် CONVOCATION HALLအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် မှရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများတို့ကလည်း လုပ်ငန်းနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်မှ လူနေမှုအဆင့်အတန်း မြင့်မားမှာဖြစ်ကြောင်း၊ မိုင်းဖြတ်မြို့ကို ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မိုင်းဖြတ်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များနှင့် ပတ်သက်၍ တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရှင်းလင်းပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မိုင်းဖြတ်မြို့နယ်ရုံးအတွက် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တာလေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံး အစည်းအဝေးခန်းမ၌ တာချီလိတ်ခရိုင် တာလေမြို့နယ်နှင့် ကျိုက်လပ်မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်သည့်အခါ မြို့မိ၊မြို့ဖများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှုရရှိနိုင်မှာဖြစ်ကြောင်း၊ လုပ်ထုံး၊ လုပ်နည်းအတိုင်း ဆောင်ရွက်ပေးကြရန်နှင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့၊ မိတ္ထိလာ – တောင်ကြီး – ကျိုင်းတုံ – တာချီလိတ်လမ်း (၇၄၃-၇၄၄)ကီလိုမီတာကြား၊ တံတားအမှတ်(၁/၇၄၄) ငလျင်ဒဏ်ကြောင့် ပျက်စီးသွားရှိမှု ပြန်လည်ပြုပြင်မည့် အစီအစဥ်များအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တံတားတည်ဆောက်ရေး(၁၂)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းမှရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး တံတားအားလှည့်လည် ကြည့်ရှုကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး