မိုင်းယောင်း မတ်-၁၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများသည် မတ်(၁၁)ရက်မွန်းလွဲ(၁)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗလမင်းထင်ခန်းမ၌ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မိုင်းယောင်းမြို့သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်နေပြီးဖြစ်၍ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် လုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးကြရန်နှင့် မူလဆောင်ရွက်နေသည့် လုပ်ငန်းအတိုင်း အားလုံးစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပေးကြရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း နိုင်ငံတော်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့တင်ပြ၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇတရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က တက်ရောက်လာကြသည့် မိုင်းယောင်းခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိတ်ဆက်ကြပြီးလုပ်ငန်းနှင့် ပတ်သက်၍အခက်အခဲရှိပါက တင်ပြပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မိုင်းယောင်းခရိုင် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနီးနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။