တောင်ကြီး မေ-၁
(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို မေ(၁)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံ၌ ကျင်းပသည်။
သွေးလှူဒါန်းပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်သူများတို့က သွေးလှူဒါန်းပေးနေကြသော မီးသတ်တပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြား၍ အာဟာရပြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ(၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ တိုက်ပွဲရှောင်မှ မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း(၆၅)ဦး သွေးလှူဒါန်းပေးကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး