
အုတ်မြစ်တော်စီ မင်္ဂလာနှင့် အဝင်မုဒ်ဦးကြီးအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း ကျင်းပ

အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်မြတ်ကြီးများနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် များက နာမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ နိုင်ငံတော် သြဝါဒါစရိယ မဟာဗောဓါရုံကျောင်းတိုက် ဆရာတော်ကြီး ထံငါးပါးသီလဆောက်တည်ကာ ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်နှင့် ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စျာယ်တော်မူသော သမန္တာမှစ၍ ပရိတ်တရားတော်များကို နာယူ ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ဆရာတော်၊ သံဃာတော် များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပေးကြပြီး နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဇမ္ဗူအေးအေတီတပ်ဦး ကျောင်းဆရာတော် ထံမှ စေတီတော်မြောက်ဖက် မုဒ်ဦးကြီး ဆောက်လုပ်လှူဒါန်းမှုအတွက် သာဓုအနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှ ပေးဝေပြီး ရတနာအုတ်မြစ်တော်များကို ပင့်ဆောင်၍ သတ်မှတ်နေရာများတွင် ဥပသကာများ နေရာယူပြီး ရတနာအုတ်မြစ် တော်စီသွင်းပူဇော်မည့် သက်ဆိုင်ရာနေရာများသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာတွင် နေရာယူကြပြီး အခမ်းနားမှူးမှ မင်္ဂလာအခါတော် စာတမ်း ဖတ်ကြား၍ မင်္ဂလာအချိန်တွင် တစ်ပြိုင်နက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရတနာအုတ်မြစ်တော်များ စီသွင်း ပူဇော်ပြီး သံဃာတော်များဦးဆောင်၍ ဇယန္တာဗောဓိယာမူလေအစချီသော ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ပူဇော် ပေးကြပြီး နောက်ကောက်ညှင်းပေါင်း၊ ပေါက်ပေါက်၊ နို့စိမ်း၊ သောက်ရေသန့်များဖြင့် နဂါးစာကျွေး၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ရုပ်သိမ်းလိုက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ တို့က ဆရာတော် သံဃာတော်တို့အား နေ့ဆွမ်းဆက်ကပ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ရန်တိုင်းအောင်စေတီဘုရားရှိ စံကျောင်းတော်နှင့် ခြေတော်ရာကို သွားရောက်ဖူးမျှော်ကာ ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်ပေးကြသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ကုန်းမြင့်(၁) စိုက်ပျိုးရေးနှင့် မွေးမြူရေး စံပြ စခန်းရှိ ရှင်းလင်းဆောင်ခန်းမ၌ တာဝန်ရှိသူမှ ဘက်စုံမွေးမြူရေးနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် နွားခြံ၊ ဆိတ်ခြံ၊ သားဖောက်ဝက် မွေးမြူရေးခြံနှင့် ဘက်စုံစိုက်ပျိုးရေး မွေးမြူရေး ဗဟိုစံပြစခန်းရှိ အစာစပ်လုပ်ငန်း အအေးခန်း ဥစားကြက်မွေးမြူရေးလုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ အအေးခန်း ဥစားကြက်လုပ်ငန်းတွင် ကြက်အကောင်ရေ(၃၃၀၀) ထွက်ရှိလာသည့် ကြက်ဥများကို တပ်ဖွဲ့ဝင် မိသားစုများ၊ ရဲတပ်ဖွဲ့၊ ဝန်ထမ်းများတို့ကို တစ်လုံးလျှင်(၁၀၀ိ/-)ကျပ်နှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဘာသာမရွေး လူမှုကူညီရေးအသင်းသို့ သွားရောက်၍ ကျောက်ကပ်ဆေးခန်း အစာအိမ်မှန်ပြောင်း စမ်းသပ်ခန်းတို့ကို လှည့်လည်ကြည့်ရှုပြီး အသင်းရုံးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး အသင်းရုံးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း(၁၀)သိန်းနှင့် အလှူရှင်များမှ လှူဒါန်းသည့် ငွေကျပ်သိန်း(၄၀)တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ဘာသာမရွေး လူမှုကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမောင်မြင့်မှ လက်ခံရယူကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့