မိုင်းဆတ် ဧပြီ-၂၄
မိုင်းဆတ်ခရိုင်တွင် အသေးစား အငယ်စား အလတ်စား MSME ထုတ်ကုန်ပြပွဲကျင်းပနိုင်ရေး အတွက် ဧပြီလ ၂၄ ရက်၊ နေ့လည် ၁ နာရီတွင် မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ အလုပ်သမားနေ့ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဝင်များ၊မြို့‌ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များဖြင့်၂၀၂၄ ခုနှစ် မေလ(၁)ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အတွင်း ထွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များ၊ မွေးမြူရေးထုတ်ကုန်များ၊ အိမ်တွင်းမှုထုတ်ကုန်များ၊ (ရှမ်း၊လားဟူ၊အာခါ) တိုင်းရင်းသားရိုးရာ အသုံးအဆောင်ပစ္စည်းထုတ်ကုန်များ၊ ရိုးရာအစားအသောက်လုပ်ငန်း ထုတ်ကုန်များအား (MSME) ပြခန်းများဖြင့် မိုးလုံလေလုံအားကစားခန်းမ၌ ခင်းကျင်းပြသနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး