ဟိုမိန်း မေ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ ဟိုမိန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လန်းနှင့် ခြင်ပေါက်ဖွားမှုမရှိစေရန် ဖုံး ၊ သွန် ၊ လဲ ၊ စစ် ခြင်း ၊ အဘိတ် (Abate) ဆေးခတ်ခြင်းကို မေလ(၈)ရက် နံနက် ၈နာရီမှစတင်၍ ဟိုမိန်းမြို့မဈေးနှင့် မြို့ပေါ် ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုမိန်းမြို့အုပ်ချုပ်ရေးမှူးဦးသူရအောင်၊ ဟိုမိန်းမြို့တိုက်နယ် ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာစိုင်းခေးရွက်နှင့်အဖွဲ့ ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့ပူးပေါင်း၍ ဟိုမိန်းမြို့မဈေးနှင့်မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ရေတွင်းရေကန်များ ၊ ရေတိုင်ကီများတွင် ခြင် ၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရေး ၊ ပြည်သူများ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ခြင်းအတွက် ဖုံး ၊ သွန် ၊ လဲ ၊ စစ်ခြင်း ဆောင်ရွက်ပြီး ရေကန်များအတွင်း အဘိတ်ဆေး(Abate)ခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်းနှင့် ကျန်ရှိနေသော ကျေးရွာများတွင်လည်း ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့