ဟိုပုံး မေ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင် ရေးအတွက် ဌာနဆိုင်ရာများက မေလ(၄)ရက် နံနက် ၈ နာရီ အချိန်က အမှတ်(၅)အခြေခံပညာမူလတန်း ကျောင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုပုံးတပ်နယ်ကွက်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာ ယာရေးဌာန၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများက အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းဝန်း အတွင်း/အပြင် ခြုံ၊ နွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း ရေစီးရေလာကောင်းမွန်စေရေး အတွက် ‌ရေမြောင်းရှိအမှိုက်များဆယ်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချူပ်‌ရေးအဖွဲ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။
ယင်းကဲ့သို မြိုအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အပတ်စဉ်စနေနေ့တိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့