
သတင်းထုတ်ပြန်ခြင်း
တောင်ကြီး စက် ၁၆
မူဆယ်ခရိုင်၊ ကွက်ခိုင်မြို့နယ်အတွင်းရှိ သဘာဝတောတောင်များ၊ မြေလွတ်မြေရိုင်း များပေါ်တွင် တာမိုးညဲချမ်းသာ၊ သစ်အခြေခံစက်မှုလုပ်ငန်းကုမ္ပဏီနှင့် တရုတ်နိုင်ငံ အခြေစိုက် Sun Shine Kaidi New Energy Co;Ltd. တို့ ပူးပေါင်း၍ ဇီဝလောင်ဇာဆီ ထုတ်လုပ်ရန် နှစ်ရှည်အပင်စိုက်ပျိုးခြင်းနှင့် စက်ရုံတည်ဆောက်ရန်အတွက် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်နေမှုအပေါ် ကွက်ခိုင်မြို့နယ်နှင့် တာမိုးညဲမြို့နယ်ခွဲ ဒေသခံပြည်သူများမှ ကန့်ကွက်ပါကြောင်း သိရှိရပါသည်။
ယင်းကိစ္စနှင့် ပါတ်သက်၍ လျှောက်ထားမြေဧက(၆၀၀၀၀၀)အား ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ခွင့်ပြုထားခြင်း မရှိပါ။
ပျိုးဥယျာဉ်တည်ထောင်ခြင်းအတွက် စံပြသစ်ပင်စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် တာမိုးညဲမြို့နယ်ခွဲ၌ ဧက(၅၀၀)အား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ လျှောက်ထားရေး ဆောင်ရွက်သွားရန်သာ ပြည်နယ်မြေစာရင်းဦးစီးဌာနသို့ အကြောင်းကြားထားကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။