
လားရှိုး မတ်-၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ မြန်မာစီးပွားရေးဘဏ်၌ ပင်စင်လစာ လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်း နှင့် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မတ်လ ၂၃ ရက်နေ့က ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပင်စင်လစာ လာရောက်ထုတ်ယူသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက ပင်စင်လစာများစနစ်တကျ ထုတ်ပေးခြင်း၊ ခုတင် (၅၀၀) ဆံ့ပြည်သူ့ဆေးရုံးကြီးမှ ဝန်ထမ်းများက အခမဲ့ကျန်းမာရေးစောင့်ရှောက် ကုသဆောင်ရွက်ပေးခြင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနကကြီးကြပ်၍ လားရှိုးမြို့နယ်ဆန်စပါးကုန်သည်များအသင်းအနေဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ဧည့်မထဆန် တစ်ပြည်လျှင် ငွေကျပ် ၃၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြက်ဥ ၁၀ လုံးလျှင် ငွေကျပ် ၃၇၀၀ နှုန်းဖြင့်လည်းကောင်း စနစ်တကျ ရောင်းချပေးခဲ့သည်။
လားရှိုးမြို့တွင် ပင်စင်စားအငြိမ်းစားနိုင်ငံ့ဝန်ထမ်း စုစုပေါင်း ၆၀၀၀ ကျော်ခန့်ရှိပြီး မြန်မာ့စီးပွားရေးဘဏ်မှ လစဉ် (၂၁)ရက်နေ့မှ လကုန်ရက်အထိ ရုံးဖွင့်ရက်တိုင်း ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း အကြောင်းအမျိုးမျိုးမျိုးကြောင့် ပင်စင်လစာလာရောက် မထုတ်ယူနိုင်သည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား နောက်လ လဆန်းပိုင်းမှစ၍ ရုံးဖွင့်ရက်တိုင်း ပင်စင်လစာများ ထုတ်ယူခွင့်ပြုကြောင်း လားရှိုးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့