နမ့်စန် မေ-၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေု့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်တာဝန်ရှိသူများသည် မေ(၂)ရက် နံနက်(၁၁)နာရီ က နမ့်စန်ခရိုင် နမ့်စန်မြို့နယ်၊ ဝမ်ပုံကျေးရွာအုပ်စု၊ ဝမ်းပုံကျေးရွာရှိ ချယ်ရီဝက်မွေးမြူရေးခြံ ဒေါ်နန်းမတ် မွေးမြူထားသော Cpဝက် မျိုးကောင်ရေ(၆၀၀) မွေးမြူရေးခြံ သွားရောက်ကွင်းဆင်းကြည့်ရှုရာ နမ့်စန်မြို့နယ် မွေးမြူရေးနှင် ကုသရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက Cp ဝက်မွေးမြူထားသောခြံနှင့် ဝက်အစာစပ်စက်ရုံတို့ကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါ ချယ်ရီဝက်မွေးမြူရေးခြံမှ Cpဝက်များကို မိုင်းရှူး၊ တန့်ယန်း၊ မိုင်းတုံ၊ မိုင်းဆက်မြို့များသို့ ဖြန့်ဖြူရောင်းချပေးလျက် ရှိကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နမ့်စန်မြို့ ထင်းရှူးရပ်ကွက်တွင် CP brown ဥစားကြက်ကောင်ရေ (၁၀၀၀၀)မွေးမြူထားသော ဦးဝင်းဇော် ဥစားကြက်ခြံနှင့် နှစ်ရှည်သီးနှံ (မက္ကဒေးမီယား)စံပြသုတေသနစိုက်ကွက် (၆)ဧကအား သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ မက္ကဒေးမီးယား ကုန်ကြမ်းမှကုန်ချောထုတ်လုပ်မှုအဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။
ထို့နောက် နမ့်စန်လေတပ်၊ တပ်နယ်ခန်းမတွင် စစ်မှုထမ်းဟောင်းအဖွဲ့နှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က ယခုလို စစ်မှုထမ်းဟောင်းအဖွဲ့နှင့် တွေ့ဆုံရသည့်အတွက် ဝမ်းသာပါကြောင်း၊ လုံခြုံရေးကိစ္စရပ်များတွင်လည်း ပူးပေါင်း ဆောင်ရွက်ပေးသည့်အတွက် အထူးကျေးးဇူးတင်ရှိပါကြောင်း မည်သည့်ဌာနဆိုင်ရာမဆို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း ဥပဒေအရ ဆောင်ရွက်ပေးကြရန်၊ စစ်မှုထမ်းဟောင်းအဖွဲ့သည် တပ်မတော်နှင့်ပြည်သူအကြား ပေါင်းကူးပေးသည့် အဖွဲ့ဖြစ်ပါကြောင်း ပြောကြားသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းတို့က စစ်မှုထမ်းဟောင်းအဖွဲ့အား စားသောက်ဖွယ်ရာပစ္စည်းများ ချီးမြှင့်ပေးပြီး စစ်မှုထမ်းဟောင်းအဖွဲ့အား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြ ကြောင်း သိရသည်။
ယင်းနောက် နမ့်စန်လေတပ်စခန်းရှိ တပ်နယ်ခန်းမတွင် လေကြောင်းလူငယ်အခြေခံသင်တန်း(၁/၂၀၂၄) သင်တန်းသား၊ သင်တန်းသူများ သင်တန်းတက်ရောက်သင်ကြားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြား၍ သင်တန်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပေးအပ်ရာ သင်တန်းသား/သူ(၂)ဦးမှ လက်ခံရယူကြသည်။
ဆက်လက်၍ နမ့်စန်မြို့နယ်ခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံရာ နမ့်စန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက နမ့်စန်မြို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြ ပြီး တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် က တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံပါကြောင်း၊ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် စိုက်ပျိုးရေးကို သတ်မှတ်ချက်အညီ ဆောင်ရွက်ပေးကြရန်၊ လက်ရှိမြေပြင်တွင် စိုက်ပျိုးမှုအားနည်းနေသေးပါကြောင်း၊ သီးထပ် စိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာဌာနများမှ နည်းပညာများပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဌာနဆိုင်ရာများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိဌာနဆိုင်ရာများမှ အသီးသီးလက်ခံရယူကြပြီး နမ့်စန်မြို့၊ မိုးနဲမြို့အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား ထုတ်ကုန် လုပ်ငန်းများဖြစ်သော ဒေသထွက်ကုန်ပစ္စည်းများပြခန်းအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေး ခဲ့ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ရှိ ဒါးဆိပ်-နောင်လုံ-ဝမ်စစ် လမ်း၁၂/၀မိုင်အနက်၂/၀မိုင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် ဒါးဆိပ်မြစ်ရေတင်လုပ်ငန်းအား ကြည့်ရှူစစ်ဆေးပြီး လင်းခေးတပ်နယ် အောင်ဆန်းခန်းမတွင် စစ်မှုထမ်းဟောင်းနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အမှာစကားပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က စစ်မှုထမ်းဟောင်းအဖွဲ့အား စားသောက်စရာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ လင်းခေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ များနှင့် တွေ့ဆုံရာ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး တင်ပြချက် လိုအပ်မှုအပေါ် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ကာ ဌာနဆိုင်ရာများအား လမ်းညွှန်အမှာစကား ပြောကြား၍ စားသောက်ဖွယ်ရာပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ လက်ခံရယူကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့