လင်းခေး မေ-၃
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ်၊ နမ့်တိန်းချောင်းကူး ၂၅၀ပေ ဘေလီတံတား ဖွင့်ပွဲကို မေ(၃)ရက် နံနက်(၈)နာရီက အဆိုပါနေရာ၌ကျင်းပသည်။
နမ့်တိန်းချောင်းကူး၂၅၀ပေ ဘေလီတံတားဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးရုံးမှ ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများအနေဖြင့် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် မြေလမ်း(၄၃)မိုင်(၂)ဖာလုံ၊ ကျောက်လမ်း(၂၂)မိုင်(၁)ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာလမ်း (၉)မိုင်(၃)ဖာလုံ၊ ကတ္တရာလမ်း(၅)မိုင်၊ ကွန်ကရစ်လမ်း(၄)မိုင်(၁)ဖာလုံ၊ အမာခံလမ်း(၆)မိုင်(၇)ဖာလုံ၊ ကွန်ကရစ်တံတား(၄)စင်း၊ ဘေလီတံတား(၁)စင်း၊ Box Culvert(၉၀)စင်းကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့ဖွင့်ပွဲတွင်ပြုလုပ်သည့် ၂၅၀ပေ နှစ်လွှာတစ်ထပ် ဘေလီသံဘောင် တပ်ဆင်ခြင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၁၀၀ပေနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၁၅၀ပေ စုစုပေါင်း ၂၅၀ပေ နှစ်လွှာတစ်ထပ် ဘေလီသံဘောင်တပ်ခြင်းလုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုတံတားကြီး တည်ဆောက်ပြီးစီးခဲ့သည့်အတွက် ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာပေါင်း ၁၉ရွာ၊ အိမ်ထောင်စုပေါင်း ၁၈၈၄စု၊ လူဦးရေပေါင်း၉၅၀၆ဦးအား အကျိုးပြုမည်ဖြစ်ပြီး ယခင်က လင်းခေးမြို့နှင့် ဟိုတင့်ရွာရှိ ဒေသခံပြည်သူများ ကူးလူးသွားလာရတွင် လှေ၊ သမ္ဗန်များကို အသုံးပြုခဲ့ရသည့်အတွက် ကူးလူးသွားလာရာတွင် အခက်အခဲများရှိခဲ့သော်လည်း ယခုအခါ အချိန်မရွေး အလွယ်တကူ သွားလာနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေလာသည့်အလျောက် လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်လာမှာဖြစ်ကြောင်း၊ နမ့်တိန်းချောင်းကူးတံတား တည်ဆောက်ပြီးစီးခဲ့သည့်အတွက် လင်းခေးခရိုင်အတွင်းရှိ စိုက်ပျိုးမြေဧက ၅၉၀၂ဧကမှ ထွက်ရှိသော စိုက်ပျိုးသီးနှံများအား တင်ပို့ရောင်းချရာတွင် များစွာ အထောက်အကူမှာဖြစ်ပါကြောင်း နမ့်တိန်းချောင်းကူး၂၅၀ပေ ဘေလီတံတားအား ရေရှည်တည်တံ့ခိုင်မြဲအောင် ဒေသခံတိုင်းရင်းသားပြည်သူလူထုများအနေဖြင့် ဝိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်းသွားကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(တောင်ကြီး) ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးမှ နမ့်တိန်းချောင်းကူးတံတား ၂၅၀ပေ ဘေလီတံတား တည်ဆောက်မှု လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လင်းခေးမြို့ ဒေသခံ ဦးစိုင်းနော်ခမ်းမှ ကျေးဇူးတင်စကားပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့အား ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးမှ နေရာအရောက် အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် နမ့်တိန်းချောင်းကူး၂၅၀ပေ ဘေလီတံတားအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နမ့်တိန်းချောင်းကူး၂၅၀ပေ ဘေလီတံတားအား အမွေးနံ့သာရည် ပက်ဖျန်းပေး၍ တံတားကို လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။
၎င်းနောက် လင်းခေးတပ်နယ်အတွင်းရှိ ROYAL HIGHLAND Co.Itd မှ တာဝန်ယူ တည်ဆောက်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်၍ ကုမ္ပဏီဝာာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး စက်ရုံတည်ဆောက်မည့် နေရာအား လှည့်လည်ကြည့်ရှူစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် နားကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူတို့က နားကုန်းဘုန်းတော်ကြီးကျောင်းတွင် နွေရာသီကာလ ဓမ္စကူး သင်တန်းသားတက်ရောက်နေကြသော ကျောင်းသား၊ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးစကားပြော၍ နားကုန်းကျောင်းထိုက်ဆရာတော် ဘဒ္တနွစရိန္ဒအား ဖူးမျှော်ကန်တော့၍
လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကက်လှူါဒန်ပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့