မိုင်းဆတ် မေ-၁
မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ၂၀၂၄ ခုနှစ်၊ မေလ(၁)ရက်နေ့ တွင်ကျရောက်မည့် အလုပ်သမားနေ့ အထိမ်းအမှတ်ကို မေလ(၁)ရက်၊ နံနက်(၈)နာရီခွဲတွင် ခရိုင်အား/ကာ အောင်ဇေယျအားကစားကွင်း ၏ မိုးလုံလေလုံအားကစားခန်းမ တွင် ခင်းကျင်းပြသသည်။
အဆိုပါ ပြပွဲတွင် မိုင်းဆတ်မြို့နယ်၏ စိုက်ပျိုးရေးထုတ်ကုန်၊ မွေးမြူရေးထုတ်ကုန်၊ အိမ်တွင်းမှုလုပ်ငန်းထုတ်ကုန်၊အစားအသောက်ထုတ်ကုန်၊(ရှမ်း၊လားဟူ၊အာခါ)တိုင်းရင်းသားရိုးရာအသုံးအဆောင်ပစ္စည်းထုတ်ကုန်များအား (MSME)ပြခန်းများဖြင့် ခင်းကျင်းပြသကြသည်။
မိုင်းဆတ်ခရိုင် အသေးစား အငယ်စား အလတ်စား (MSME) ကုန်စည်ပြပွဲသို့ ဌာနဆိုင်ရာ/မိဘပြည်သူ (၄၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
၎င်းကုန်စည်ပြပွဲ အခမ်းအနားအား စကခ (၁၄) ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးဝင်းကျော်သန့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင်.တိုင်းရင်းသားအဖွဲ့များဖြစ်သော ဦးခတ္တိယ၊ဦးကျဟယ်၊ ဦးအောင်ကျော်တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်း၊ ပြခန်းများဖြစ်သော စိုက်ပျိုးရေး ထုတ်ကုန်ပြခန်း၊ တော်ဝင် တန်ဆိုင်လိမ္မော် ပြခန်း၊ အမျိုးသမီးအိမ်တွင်း မှုလုပ်ငန်းပညာသင်တန်းကျောင်းထုတ်ကုန်ပစ္စည်းပြခန်း၊ လွယ်ဆန် ဇုံလဖ္ဘက်ခြောက်ထုတ်ကုန် ပြခန်း၊ မယ်ဆတ် ကျေးရွာအုပ်စု ဒေသတွက် ကုန်သင်ဖြူးဖျာ ပြခန်း၊ ရှမ်းတိုင်းရင်းသားများခြင်းတောင်း ရက်လုပ်ငန်း၊ လားဟူတိုင်းရင်းသားရိုးရာအသုံးအဆောင်ပစ္စည်းထုတ်ကုန်ပြခန်း၊အခါတိုင်းရင်းသားရိုးရာ အသုံးအဆောင်ပစ္စည်းထုတ်ကုန်ပြခန်း၊လားဟူတိုင်းရင်းသားရိုးရာအစားအသောက်ထုတ်ကုန်ပြခန်း၊ ရှမ်းတိုင်းရင်းသားရိုးရာ အသုံးအဆောင်ပစ္စည်းထုတ်ကုန်ပြခန်း၊ မိုင်းကုံး ကော်ဖီစိုက်ပျိုးရေး ထုတ်ကုန် ပြခန်း၊မွေးမြူရေးထုတ်ကုန်ပြခန်း တို့အား လိုက်လံကြည့်ရှုခဲ့ပြီး တက်ရောက်လာသည်. ဌာနဆိုင်ရာများနှင့် မိဘပြည်သူများမှ ခင်းကျင်းပြသည် (MSME) လုပ်ငန်းထုတ်များဝယ်ယူအားပေးကြပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး