မိုင်းဆတ် မေ-၅
မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့နယ် ဝမ်ဟုတ် ကျေးရွာအုပ်စု Wan Hong Natural Engergy Co.Ltd မှ ၃၀ မိဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ဆက်လက်အကောင်အထည်ဖော်တည်ဆောက်နိုင်ရေးအတွက် မေလ(၈) ရက်နေ့ နံနက်(၇)နာရီတွင်ကျောက်မီးသွေးဓာတ်အား ပေးစက်ရုံတည်ဆောက်မှုအား ကွင်းဆင်း စီစစ်ခဲ့သည်။
ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင် လျှပ်စစ်အင်ဂျင်နီရာရုံး၊ ခရိုင်စီမံကိန်းဦးစီးဌာန ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ၊ခရိုင်စိုက်ပျိုးရေးဌာန တာဝန်ရှိသူများနှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ် သစ်သောဦးစီးဌာန ၊ မြို့နယ် ကြေးတိုင် မြေစာရင်းဦးစီးဌာန၊ မြို့နယ် သစ်တောမြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများမှ ပူးပေါင်းပြီး ဝမ်ဟုန်ဒေသ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတည်ဆောက်နေသည့်နေရာသို့ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါ (၃၀)မိဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ဆက်လက်တည်ဆောက်မှု ပြီးစီးပါက မိုင်းဆတ်မြို့နယ်၊ဝမ်ဟုန်-မိုင်းကန်ဒေသမှတဆင့်လွယ်စတုံ (တာချီလိတ်) ဓာတ်အားခွဲရုံသို့ပို့လွတ်ပေးနိုင်မည်ဖြစ်ပြီး ဒေသအတွက် အကျိုးဖြစ်ထွန်းမည် ဖြစ်ပါကြောင်း ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့