တောင်ကြီး မေ – ၈
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ(၈)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က မိမိဆောင်ရွက် ပေးရမည့် အစ်ိတ်အပိုင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်၍ ညှိနှိုင်းဆောင်ရွက်မှုအပေါ် တာဝန်ယူကာ သက်ဆိုင်ရာ အဖွဲ့အစည်းသို့ တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် သွားခဲ့သည့် ဟိုပုံးမြို့နယ် ကျေးရွာအချို့ ပျက်စီးမှုများရှိနေပြီး ပျက်စီးမှု များကလည်း စိတ်မကောင်းစွာတွေ့ရှိရပါသော်လည်း အတိုင်းအတာတစ်ခု အနေဖြင့် အစိုးရအဖွဲ့၊ သက်ဆိုင်ရာဒေသရှိ ဆရာတော်များ၊ ဒေသခံပြည်သူများ၏ မြန်မြန်ဆန်ဆန် ပူးပေါင်းဆောင်ရွက်မှုကြောင့် ပြန်လည်နေထိုင်ခွင့်ရရှိခဲ့ပါ ကြောင်း၊ အစိုးရပံ့ပိုးမှု အကူအညီဖြင့် ရပ်ရွာများကတာဝန်အရ ပျက်စီးသွားသည့် အိမ်ခြေအားလုံးကို မိမိအစီအစဥ်ဖြင့် ပြန်လည်တည်ဆောင်ပြီ အချို့မှာ မပြည့်စုံသည့်အတွက် အများပြည်သူ၏ ဆန္ဒအရ ဆောင်ရွက်ရပါကြောင်း၊ မိမိ အနေဖြင့် ပြောကြားလိုသည်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စိတ်အားပိုင်းဆိုင်ရာ တိမ်ငယ်ညိုးငယ်မှုမဖြစ်ရအောင် အချို့ကဏ္ဍများတွင် ပြည်သူများ၏ လိုအပ်ချက်များကို ဝိုင်းဝန်း၍ ဆောင်ရွက်ပေးကြရန်၊ ပန်လျန်းရွာနှင့် နန်းဟူးရွာတွင် လျှပ်စစ်မီတာများ လိုအပ်လျက်ရှိရာ စီစဥ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများနှင့် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန်၊ ဆီဆိုင်မြို့ အနေဖြင့် မိမိသွားရောက်ကြည့်ရှုခဲ့ရာ ပျက်စီးဆုံးရှုံးမှုကြီးမားသောကြောင့် ကြိုးစားရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အရ ဆီဆိုင်မြို့တွင် ရုံးများ ပြန်လည်ဖွင့်နိုင်ရန်နှင့် စီမံအုပ်ချုပ်နိုင်သည့်အဆင့်ရောက်ရှိအောင် မိမိတို့အားလမ်းညွှန်ခဲ့ပါကြောင်း၊ လမ်းညွှန်ချက်နှင့် အညီဆောင်ရွက်ရမည့်ကိစ္စရပ်မှာ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ နယ်မြေစိုးမိုးမှုနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များတွင်လည်း တပ်ဖွဲ့ဝင်များ ပြန်လည်ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့ဝန်ဆောင်မှုပိုင်းဆိုင်ရာ ရေ၊ မီး၊ ကျန်းမာရေး၊ ပညာရေးစသဖြင့် အတတ်နိုင်ဆုံး အမြန်ဆုံး ဖြစ်နိုင်အောင်ကြိုးစားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒေသရှိပြည်သူများ၊ ပတ်ဝန်းကျင်ရှိ ဆရာတော်များ အတွက် လေ့လာကြည့်ပါက ပြန်လည်စီမံအုပ်ချုပ်နိုင်ရန် အရေးကြီးဆုံးမှာ ရေနှင့် လျှပ်စစ်မီးကို ဦးစားပေးဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ ဆီဆိုင်မြို့ကို အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးန်ုင်ခြင်းအားဖြင့် ကျန်သည့်နယ်ဒေသများတွင် လည်း နမူနာယူ၍ ဆက်လုပ်မှာဖြစ်သည့် အနေအထားတစ်ခုဖြစ်အောင် ကြိုးစားမည်ဖြစ်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်တာဝန်ရှိသူများ၊ အဖွဲ့အစည်းများ ပွင့်ပွင့်လင်းလင်းတင်ပြပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြပြီး တက်ရောက်လာသည့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆွေးနွေး၍ အထွေထွေ ဆွေးနွေးကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့