ပင်လောင်း မေ ၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုအားဖြင့် မေလ(၂)ရက် နံနက်ပိုင်းက ဆုတောင်းပြည့်စေတီတော်ကြီးတွင် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေလင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆုတောင်းပြည့် စေတီတော်မြတ်ကြီး ရင်ပြင်တော်ကြီး အပေါ်၌ မြက်ပင်များ၊ အမှိုက်များ သန်းရှင်းရေးဆောင်ရွက်ပြီး ရေများဖြင့်ပက်ဖြန်းခြင်းဆောင်ရွက်ခဲ့ကြကြောင်း၊ တပ်ဖွဲ့ဝင် မိသားစုများက ဘုရားပန်း၊ သောက်တော်ရေ ကပ်လှူပြီး ဘုရားဝတ်ပြုခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့