တောင်ကြီး ဧပြီ-၃၀
၂၀၂၄ -ခုနှစ် တောင်ကြီးလူရည်ချွန်စခန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဂုဏ်ပြုညစာစားပွဲနှင့် စခန်းသိမ်းပွဲကို ဧပြီ(၃၀)ရက်ည(၆)နာရီခွဲက တောင်ကြီးမြို့၊ အိမ်တော်မြက်ခင်းပြင်တွင် ကျင်းပသည်။
ဂုဏ်ပြုညစာစားပွဲနှင့် စခန်းသိမ်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က တောင်ကြီးမြို့၊ အိမ်တော်မြက်ခက်းပြင်တွင် (Grade-10)ဒသမတန်း ဘက်စုံပညာထူးချွန်ကျောင်းသား၊ကျောင်းသူ လူငယ်မောင်မယ်များကို ဂုဏ်ပြုညစာစားပွဲဖြင့် ဂုဏ်ပြုနိုင်ရေးနှင့် စခန်းသိမ်းပွဲအတွက် အဖက်ဖက်က ဝိုင်းဝန်းကူညီပေးခဲ့သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ် တောင်ကြီးစခန်းကို လာရောက်ကြသည့် လူရည်ချွန်များ၊ ကြီးကြပ်ဆရာ၊ဆရာမများကို ကြိုဆိုခြင်းမှအစပြု၍ ယနေ့ဂုဏ်ပြုညစာစားပွဲနှင့် စခန်းသိမ်းပွဲတိုင်အောင် ကြားကာလလုပ်ငန်းအသီးသီးမှာ စေတနာထားပြီး အဖက်ဖက်က ပြည့်စုံအောင် ဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူအားလုံးကို ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့ထူးချွန်ထက်မြက်ကြသည့် မောင်တို့မယ်တို့သည် မိမိတို့၏ အချိန်များကို မဖြုန်းမိစေဘဲ ထိထိရောက်ရောက် သုံးစွဲတတ်ကြရန်နှင့် ရှမ်းပြည်နယ်အတွင်း လေ့လာရေးခရီးစဥ်များက ရရှိထားသည့် ဗဟုသုတများ၊ အတွေ့အကြုံများကို လေ့လာသုံးသပ်ပြီး မိမိတို့အတွက်၊ မိမိပတ်ဝန်းကျင်အတွက် နိုင်ငံအတွက် ပြန်လည်အသုံးချနိုင်ကြပါစေ၊ မနက်ဖြန် နေရပ်ကိုပြန်သည့် ခရီးစဥ်များလည်း ချော့မွေ့၍ မိမိတို့ရပ်ရွာဒေသ မိမိတို့မြို့နယ်၏ အားကိုးအားပြုထိုက်သော လူချွန်လူတော်များ၊ ခေါင်းဆောင်ကောင်းများ ဖြစ်လာနိုင်ကြပါစေရန် ဆန္ဒပြုလိုက်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်ဇနီး ဒေါ်ညိုမီစောတို့က လူရည်ချွန် မောင်မယ်များနှင့် ကြီးကြပ်အုပ်ချုပ်သူများအား Crystal trophy များနှင့် မြန်မာအသံရုပ်မြင်သံကြားနှင့် မြဝတီ ရုပ်မြင်သံကြား ရိုက်ကူးရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးက လူရည်ချွန်မောင်မယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်၍လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီးတို့က လူရည်ချွန်မောက်မယ်များအား တိုင်းရင်းသားရိုးရာဝတ်စုံ လက်ဆောင်ပေးအပ်ခဲ့ကြသည်။
ထို့နောက် လူရည်ချွန်မောင်မယ်များကိုယ်စား ရန်ကုန်တိုင်းဒေသကြီးမှ လူရည်ချွန်နှစ်ထပ်ကွမ်း မောင်ခန့်ဇင်ငြိမ်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုညစာစားပွဲနှင့် ဖျော်ဖြေရေးအစီအစဥ်များ၊ မီးပုံးပျံများ တစ်ပျော်တစ်ပါးလွှတ်တင်ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး