
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး
ကိုယ်ရေးရာဇဝင်အကျဉ်း
အမည် | ဦးစိုင်းလုံကျော် |
အခြားအမည် | စိုင်းဘလွန်း |
လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ | ပလောင်၊ရှမ်း/ဗုဒ္ဓ |
နိုင်ငံသား/ အမျိုးသားမှတ်ပုံတင်အမှတ် | ၁၃/တကန(နိုင်)၀၁၅၂၈၃ |
အသက်(မွေးသက္ကရာဇ်) | ၁၄-၁၀-၁၉၇၀(၄၅)နှစ် |
မွေးဖွားရာဇာတိ | နမ့်ဆန်မြို့(မြောက်ပိုင်း) |
ပညာအရည်အချင်း | B.Sc(Pysics)/D.C.Sc |
လက်ရှိအလုပ်အကိုင်နှင့်အဆင့် | ရှမ်းပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး |
အဘမည်၊အလုပ်အကိုင် | ဦးစံမြတ်၊ တရားသူကြီး(ငြိမ်း) |
အမိအမည်၊အလုပ်အကိုင် | ဒေါ်စန်းစန်းဝေ၊ဆရာမ(ငြိမ်း) |
ဇနီးအမည်/ခင်ပွန်းအမည်၊အလုပ်အကိုင် | ဒေါ်ခိုင်ဇာလင်းနောင်၊ ဒါရိုက်တာ |
သားသမီးအမည်/အလုပ်အကိုင် | မသီရိရှင်းသန့်၊ကျောင်းသူ မောင်အောင်ဘုန်းခန့်၊ကျောင်းသာ |
အမြဲတမ်းနေရပ် လိပ်စာ | ၄၂/B၊ ကျောက်တလုံးလမ်း၊သစ်တောရပ်၊ တောင်ကြီးမြို့ |
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
ရွေးချယ်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ် | ရပ်စောက်မြို့နယ်မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော် |
ဖြစ်စဉ်အကျဉ်း(ယနေ့ထိ)
(က) သင်ကြားဖူးခဲ့ဖူးသောကျောင်းများကိုဖော်ပြရန်။
သူငယ်တန်းမှဒဿမတန်းထိ(အထက-၄) တောင်ကြီး၊တောင်ကြီးတက္ကသိုလ်၊ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၊
(ခ) လုပ်ကိုင်ခဲ့ဖူးသည့်အလုပ်အကိုင်၊ ပြောင်းရွှေ့နေထိုင်ခဲ့သည့်နေရာဌာနများဖော်ပြရန်။
မရှိပါ။
(ဂ) ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များဖော်ပြရန်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအရံဗဟိုကော်မတီဝင်၊ပြည်နယ်ကော်မတီဝင်၊အထက(၄) အာစရိယ ပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီဒုဥက္ကဌ၊
(ဃ) ပြစ်မှု/ပြစ်ဒဏ်ကျခံဖူးခြင်းရှိ/မရှိ(ရှိပါကဖြစ်စဉ်အသေးစိတ်ဖော်ပြရန်)
မရှိပါ။
(င) ချီးမြှင့်ခံရသောဘွဲ့ထူးဂုဏ်ထူး
မရှိပါ။
(စ) အခြားဖော်ပြရန်သည်များ
၂၀၀၀ခုနှစ်တွင် (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှ လူငယ်ချစ်ကြည်ရေးသင်္ဘောခရီးစဉ်တွင် လူငယ်အဖွဲ့ခေါင်းဆောင်၊ ၂၀၀၉ခုနှစ် (၃၆)ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ်ချစ်ကြည်ရေး ခရီးစဉ်တွင်အဖွဲ့ခေါင်းဆောင်အဖြစ် ဂျပန်နိုင်ငံနှင့်အာဆီယံနိုင်ငံများသို့ သွားရောက်ခြင်း။ ၂၀၁၃ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတရုတ်ကွန်မြူနစ်ပါတီ၏ဖိတ်ကြားချက်အရ အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ခရီးစဉ်။