စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး

ကိုယ်ရေးရာဇဝင်အကျဉ်း

အမည်  ဦးစိုးညွန့်လွင်
အခြားအမည်  ဦးစိုးကြီး
လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ ဗမာ/ဗုဒ္ဓ
နိုင်ငံသား/ အမျိုးသားမှတ်ပုံတင်အမှတ် ၈/နမန(နိုင်)၀၅၈၀၄၇
အသက်(မွေးသက္ကရာဇ်) ဆန်း ၁၂-၆-၁၃၃၃
မွေးဖွားရာဇာတိ တောင်တွင်းကြီးမြို့၊ အုန်းတော(၁)ရပ်ကွက်
ပညာအရည်အချင်း သိပ္ပံဘွဲ့
လက်ရှိအလုပ်အကိုင်နှင့်အဆင့် ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး
အဘမည်၊အလုပ်အကိုင်  ဦးမောင်ဆန်း၊တောင်သူ
 အမိအမည်၊အလုပ်အကိုင်  ဒေါ်ကြည်ညွန့်၊ မှီခို
 ဇနီးအမည်/ခင်ပွန်းအမည်၊အလုပ်အကိုင် ဒေါ်ကြည်ကြည်မာ၊ မှီခို
သားသမီးအမည်/အလုပ်အကိုင် မောင်ခန့်စိုး၊မရွှန်းလဲ့မှူးသွင်
အမြဲတမ်းနေရပ် လိပ်စာ အမှတ်(၂၂၀)၊ ပြင်သာကျောင်းလမ်း၊ ရွာငံစုရပ်ကွက်၊ အောင်ပန်းမြို့
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
 ရွေးချယ်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ် ကလောမြို့နယ်မဲဆန္ဒနယ်(၁)ပြည်နယ်လွှတ်တော်

ဖြစ်စဉ်အကျဉ်း(ယနေ့ထိ)

(က) သင်ကြားဖူးခဲ့ဖူးသောကျောင်းများကိုဖော်ပြရန်။

အမက၊အလက၊အထက(၂)/တောင်တွင်းကြီး၊ မကွေးအဝေးသင်တက္ကသိုလ်(၁၉၉၅)

(ခ ) လုပ်ကိုင်ခဲ့ဖူးသည့်အလုပ်အကိုင်၊ ပြောင်းရွှေ့နေထိုင်ခဲ့သည့်နေရာဌာနများဖော်ပြရန်။

ကျူရှင်ဆရာ၊ စာရေးဆရာ၊ ဟိန်းမြန်မာကိုယ်ပိုင်အထက်တန်းကျောင်း(အောင်ပန်း) ဖွင့် လှစ် ထားပါသည်။

(ဂ) ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များဖော်ပြရန်။

မျိုးဆက်သစ်ရှမ်းပြည်(တောင်ကြီး)အဖွဲ့ဝင်၊ ငြိမ်းချမ်းရေးယုံကြည်မှုတည်ဆောက်ခြင်း (Trust Building for Peace) တွင် စာတမ်းရှင်အဖြစ် ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံစာရေးဆရာများ၊ သမဂ္ဂ ဗဟိုကော်မတီဝင်၊ ဒဂုံတာရာဂူဗိမ္မာန်ထိန်းသိမ်းရေးအတွင်းရေးမှူး၊ အောင်ပန်းမြို့ နှစ်(၁၀၀)ပြည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖြစ်မြောက်ရေး ဒုဥက္ကဌ၊ အောင်ပန်းမြို့တိုက်နယ်ဆေးရုံကြီးကြပ်ရေး ကော်မတီဝင်၊ အောင်ပန်းမြို့တွင် ၂၀၀၈ခုနှစ်က တည်ထောင်ခဲ့သော ဖြူစင်မေတ္တာကျန်းမာရေး၊ ပညာရေးဖောင်ဒေးရှင်းတွင် ပါဝင်ခဲ့ပြီး အတွင်းရေးမှူးအဖြစ် လုပ်ကိုင်လျက်ရှိပါသည်။

(ဃ) ပြစ်မှု/ပြစ်ဒဏ်ကျခံဖူးခြင်းရှိ/မရှိ(ရှိပါကဖြစ်စဉ်အသေးစိတ်ဖော်ပြရန်)

မရှိပါ။

(င ) ချီးမြှင့်ခံရသောဘွဲ့ထူးဂုဏ်ထူး

မရှိပါ။

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482