
တောင်ကြီး ဇွန်-၂၁
PNOအသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့၊ အင်းလေးပြည်သူ့စစ်(ဌာနေ)အဖွဲ့နှင့် ဟိုပုံးမြို့နယ်၊လုံခုတ်ပြည်သူ့စစ်(ဌာနေ)၊ ပေါင်လင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့တို့အား ငွေသားနှင့် စားသောက်ဖွယ်ရာများပေးအပ်ခြင်း ကိုဇွန်(၂၀)ရက်မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကိုယ့်မြို့ကိုယ့်ရွာ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးကြရန်နှင့် ဒေသတစ်ခု တည်ငြိမ်အေးချမ်းမှုရှိမှသာ ကလေးများလည်းကျောင်းတက်၍ စာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုကို တွေ့ရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။
ထို့နောက် PNOအသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့အား (ဆန်၊ ဆီ၊ ကြက်သွန်နီ)နှင့် ငွေသား၊ အင်းလေးပြည်သူ့စစ်(ဌာနေ)အဖွဲ့အား (ဆန်၊ ဆီ၊ ကြက်သွန်နီနှင့် ငွေသားတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်၍ လည်းကောင်း၊ ဟိုပုံးမြို့နယ်၊ လုံခုတ်ပြည်သူ့စစ်(ဌာနေ)၊ ပေါင်လင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့အား (ဆန်၊ ဆီ၊ ကြက်သွန်နီ)နှင့် ငွေသားတို့ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးကပေးအပ်ကြပြီး တက်ရောက်လာသည့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး