မောက်မယ် ဩဂုတ် ၂၃
မောက်မယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီမံဆောင်ရွက်ပေးမှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများမဲပေးရာ၌ လွယ်ကူအဆင်ပြေစေရေးအတွက် အသုံးပြုမည့် (MEVM) မဲပေးစက်ဆိုင်ရာ ကိုင်တွယ်အသုံးပြုနည်းအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေး အခမ်းအနားကို ဩဂုတ် ၂၃ ရက် နံနက် ၉နာရီတွင် မောက်မယ်မြို့၊မွေတော်ရပ်ကွက်ရှိ မြို့နယ်နမ့်ယွန်းခန်းမ၌ ကျင်းပဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ( မြို့နယ် အုပ်ချုပ်ရေးမှူး ) ဦးမင်းသက်နိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်းနှင့် အဆိုပါအသိပညာပေးဟောပြောပွဲနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက်(၂၃.၈.၂၀၂၅)ရက်နေ့မှ(၂၈.၈.၂၀၂၅)ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး