
မောက်မယ် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုလွိုင်ကျေးရွာအုပ်စု၊ ကျောင်းခမ်းကျေးရွာအနီး၌ ရှမ်းပြည်နယ်အစိုးရ၏ Clean&Greenလုပ်ငန်းဖြင့် ဆောင်ရွက်ခဲ့သော မောက်မယ်မြို့၏ ဂုဏ်ကျက်သရေဆောင်အထင်ကရမြို့ရှုခင်းဖြစ်သည့် MAWK MAI VIEW POINT ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ရက် နံနက်၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ရှမ်းသီချင်းဖြင့်သီဆိုကပြဖျော်ဖြေဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ ရဲမှူးမြင့်ဇော်၊ ဗိုလ်မှူးအောင်သူရိန်ထွန်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးစိုင်းဆိုင်ဟန်နှင့် ဦးစိုင်းထွန်းထွန်းတို့က အဆိုပါ MAWK MAI VIEW POINT အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး MAWK MAI VIEW POINT နှင့် မြို့အဝင်ပန်းခြံ We Love Mawk Mai အဆောက်အဦတည်ဆောက်ရာတွင် ကိုယ်စွမ်းဉာဏ်စွမ်းလုပ်အားနှင့် စိတ်ရင်းစေတနာဖြင့် အားဖြည့် ပံ့ပိုးကူညီဆောင်ရွက်ပေးသော မောက်မယ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များအား မှတ်တမ်းတင်ဂုဏ်ပြုချီးမြှင့်ကာ ဒေသခံပြည်သူဦးစိုင်းဟန်က ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး