တောင်ကြီး ဇန်နဝါရီ ၂၀
E.C.E ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ခု၊ ပညာသင်နှစ် ပညာရည် ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက် နေ့လည်(၁)နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက် မြို့နယ်၊ ရဿဝတီခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းစိုးနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ခု၊ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/သူများကို တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ကြပြီး အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက် ခဲ့ပါကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
