တောင်ကြီး မတ်-၉
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၏ ထပ်ဆင့်ရှင်းလင်းခြင်း ကို မတ်(၉)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဥပဒေအရာရှိ ဦးအေးလွင်က ၂၀၂၄ခုနှစ် မတ်လ(၂)ရက်နေ့တွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၏ လုပ်ငန်းဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာသော ဥပဒေအရာရှိများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဥပဒေအရာရှိ ရှမ်းပြည်နယ်ဥပဒေချုပ်ရုံးနှင့် ခရိုင်ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိများ တက်ရောက်ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး