မိုင်းဆတ် မတ် ၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ရန်ပုံငွေမှလှူဒါန်း ငွေကျပ် (၁၅,၀၀၀,၀၀ဝိ/-) (ကျပ်သိန်းတစ်ရာ့ငါးဆယ်တိတိ) အား မတ်လ(၆) ရက်နေ့ နံနက် (၁၀)နာရီတွင် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ဝိန်းနေရပ်ကွက် မိုင်းဖုန်းပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခဲ့ကြသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးညီညီထွေးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအားလွန်တို့က သွားရောက်ဆက်ကပ်လှူဒါန်းရာ မိုင်းဖုန်းပရိယတ္တိစာသင်တိုက်‌ ဂေါပကအဖွဲ့ဝင်များ ဖြစ်ကြသော ဦးစိုင်းခတ္တိယ၊ ဦးစိုင်းအေးမင်း၊ ဦးစိုင်စန္ဒာ၊ ဦးစိုင်းခမ်းကျောက် ၊ဦးမျိုးအောင်၊ ဦးထွန်းလွင်ဦးတို့က လက်ခံရယူခဲ့ပြီး ဂေါပကအဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် မိုင်းဖုန်းဆရာတော်ကြီး၏ ပုံတော်ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး