
ဟိုပုံး မတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူ(၁၉၁၀)ဦးရှိကြောင်းသိရ သည်။
ဟိုပုံးမြို့ အ.ထ.က(၁)စာစစ်ဌာနတွင် ကျောင်းသား(၁၇၄)ဦး၊ ကျောင်းသူ(၃၂၈)ဦး စုစုပေါင်း(၅၀၂) ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး ဆီဆိုင်မြို့နယ်မှ စာစစ်ဌာန(၄)ခုဖြစ်သည့် အ.ထ.က (ဆီဆိုင်)၊ အ.ထ.က(ဘန်းယဉ်)၊ အ.ထ.က(ဆိုက်ခေါင်)နှင့် အ.ထ.က(ထမ့်ယမ်း) စာစစ်ဌာနတို့မှ ကျောင်းသား(၁၂၈)ဦး၊ ကျောင်းသူ(၂၆၃)ဦး စုစုပေါင်း (၃၉၁)ဦးတို့အား ဟိုပုံးမြို့ အ.ထ.က(၂) စာစစ် ဌာနတွင် ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီးကြောင်းနှင့် ပင်လောင်းမြို့နယ်တွင် စာစစ်ဌာန(၇)ခု၌ ကျောင်းသား(၃၄၇)ဦး၊ ကျောင်းသူ(၆၇၅)ဦး စုစုပေါင်း(၁၀၁၇)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ စာမေးပွဲကို မတ်လ(၁၁)ရက် နေ့မှ မတ်လ(၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ် တို့တွင် စာစစ်ဌာန(၉)ခု၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့် လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူ(၁၉၁၀)ဦးရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး