
တောင်ကြီး မတ်-၁
ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သောဌာနများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်း (သာမန်+ငွေလုံးငွေရင်း) လျာထားချက်များအား စိစစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို မတ်(၁)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စီမံကိန်းဦးစီးရုံး၊ ညွှန်ကြားရေးမှူးနှင့် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးမှ ရှင်းလင်းတင်ပြ ဆွေးနွေးပြီး တက်ရောက်လာသူများမှ တင်ပြဆွေးနွေး၍ အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး