
တောင်ကြီး ဖေဖော်ဝါရီ-၂၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဖေဖော်ဝါရီ(၂၆)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်၊ စက်မှုဇုန်ရှိ MSMEs အသေးစား၊ အလတ်စား၊ အငယ်စား ထုတ်ကုန်တစ်ခုဖြစ်သော ဒေသထွက်ကုန် ပစ္စည်းပြောင်းမှ စူပါဝင်းကြက်အစာ၊ ဝက်အစာ ထုတ်လုပ်နေသည့် စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ စက်ရုံတာဝန်ခံမှ ကြက်အစာစက်ရုံနှင့် ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကြက်အစာစပ်ရာတွင် အသုံးပြုမည့်ပစ္စည်းများနှင့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် MSMEs အသေးစား၊ အလတ်စား၊ အငယ်စား ထုတ်ကုန်တစ်ခုဖြစ်သော A1ပလတ်စတစ်ဘူးခွံ စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ စက်ရုံတာဝန်ခံမှ လိုက်လံ ရှင်းလင်းပြီး ၎င်းစက်ရုံမှ ရေသန့်ဗူး၊ ဆီဗူး၊ အချိုရည်ဗူး ဆိုက်မျိုးစုံတို့ကို ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ ရှမ်းရိုးမမွေးမြူရေးဇုန် ရှင်းလင်းဆောင်ခန်းမသို့ သွားရောက်၍ ဥစားကြက်မွေးမြူသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒုတိယပြည်နယ်မှူး ဒေါက်တာကောင်းမြတ်ဟိန်းက ရှမ်းရိုးမမွေးမြူရေးဇုန်လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် လုပ်ရှင်များမှ ဥစားကြက်မွေးမြူရေးနှင့် ပတ်သက်၍ လိုအပ်သည်များ တင်ပြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်များတို့က ပြန်လည်ဖြည့်စွက် ဆောက်ရွက်ပေးခဲ့ကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကားပြောကြား၍ လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဥစားကြက်မွေးမြူးသူ ဦးစိုင်းလုံကြက်ခြံသို့ သွားရောက်ကြည့်ရှု ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး