မိုင်းဆတ် ဖေဖော်ဝါရီ ၂၄
မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မယ်ဆွမ်မြောက်ရပ်ကွက် မဟာမြတ်မုနိကျောင်းထိုက်တွင် သံဃာတော်များ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၂၄)ရက်နေ့ မွန်းလွဲ ၁ နာရီချိန်တွင် ကျင်းပရာခေတ္တ စကခ (၁၄) မူး၊ ဗိုလ်မှူးကြီးဇင်မင်းထွန်းနှင့် ဇနီး ဒေါ်ခင်ဌေးဌေး ၊ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီထွေး နှင့်ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၊ မြို့မိမြို့ဖများ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ ကောင်းမူလျှံကျောင်းတိုက် ဆရာတော်ထံ ၅ ပါးသီလခံယူပြီး ဆရာတော်သံဃာ တော်များမှပရိတ်တရားတော်များ ရွတ်ဖတ်ဇော်ပြီးနောက်ခေတ္တ စကခ(၁၄) မူး၊ ဗိုလ်မှူးကြီးဇင်မင်းထွန်းနှင့် ဇနီး ဒေါ်ခင်ဌေးဌေးတို့မှ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ.ဥက္ကဋ္ဌ ဦးညီညီထွေးမှ လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။
ထိုနောက် ဓာတ်စွမ်းဟုန်ကျောင်းတိုက်ဆရာတော် မှသာဓုအနုမောဓနာ တရားနှင့် ရေစက်ချတရားနာယူပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဖတ်ပြီး အခမ်းအနား ပြီးမြောက်ခဲ့ပါသည်။
ထို့နောက် ကြွရောက်လာသည့် သံဃာတော်အပါး (၄၂၄)အား တက်ရောက်လာသည် ဌာနဆိုင်ရာများ နှင့်မြို့မိမြို့ဖများ၊အလှူရှင်များမှ ဆွမ်းဆန် စိမ်းလောင်းလှူခဲ့ကြပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး