
ဟိုပုံး ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးများရှိ ဝန်ထမ်းများအား တစ်ဦးချင်းအရည်အသွေးများတိုးတက်စေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ဟိုပုံး)ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
သင်တန်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ဟိုပုံး)မှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ခင်အိအိသန်းနှင့် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဟိုပန်ခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုင်းသိန်းအောင်တို့က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ဝေသည့် ရုံးလက်ငန်း လက်စွဲစာအုပ်ပါ အခန်းအလိုက် သင်ခန်းစာအကြောင်းအရာများအား သင်ကြားပိုချခဲ့ရာ ဟိုပုံးမြို့နယ်၊ ပင်းလောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်တရားမြို့နှင့် တွဲဖက်တာဝန် ထမ်းဆောင်လျက်ရှိသည့် ဟိုပန်ခရိုင်နှင့် နမ္မတူမြို့နယ်ရုံးတို့မှ စုစုပေါင်း သင်တန်းသားသင်တန်းသူ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းတို့က စိတ်ပါဝင်စားစွာ တက်ရောက်သင်ယူလျက်ရှိသည်။ အဆိုပါ ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၄)အား ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ သုံးရက်တာ စာတွေ့လက်တွေ့ ပိုချသင်ကြားပေးလျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး