ဟိုပုံး ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် မယ့်ဖားလုံဖောင်ဒေးရှင်း နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ တိရစ္ဆာန်မွေးမြူရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုအကူမွမ်းမံသင်တန်းကို ဖေဖော်ဝါရီလ(၁၉)ရက်နေ့ နံနက်ပိုင်းက နောင်တရားမြို့ မယ့်ဖားလုံ ဖောင်ဒေးရှင်းရုံးတွင် ဖွင့်လှစ်ပေးလျက်ရှိကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေသဦးစီးမှူး‌ ဒေါက်တာနီနီဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ နန်းနှင်းအိခိုင်မှ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်သည့် မွေးမြူရေးကဏ္ဍ၌ စေတနာ့ဝန်ထမ်းများ၏ အတွေ့အကြုံအခက်အခဲ များတင်ပြကြရန်နှင့် အခက်အခဲများကို ပြန်လည်ဖြေရှင်းပေးနိုင်‌ရေး မွေးမြူရေးကဏ္ဍဖြင့် တောင်သူများဝင်ငွေတိုးစေရန်အတွက် မွေးမြူရေးအသိပညာများ၏ သိရှိစေရန်ရည်ရွယ်ချက်ဖြင့် သင်ကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် မယ့်ဖားလုံဖောင်ဒေးရှင်းမှ ကွင်းဆင်း အရာရှိ ဦးခွန်သန်းကျော်မှ သင်တန်းဖွင့်လှစ်ရာတွင် ဂရုတစိုက်သင်ကြားလေ့လာမှတ်သားကြရန်နှင့်် ကျေးရွာများတွင် ပြန်လည်အသုံးချပြီး အကျိုးပြုစေရေးရန် မှာကြားခဲ့သည်။ အဆိုပါ သင်တန်းကို (၃)ရက်တာဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ပင်လောင်းမြို့နယ်တွင် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ မွေးမြူရေးကဏ္ဍ၌ မယ့်ဖားလုံဖောင်ဒေးရှင်းရုံးတွင် အခြေခံမွေးမြူရေးသင်တန်းများဖွင့်လှစ်ပေးခြင်း၊ တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းများဖွင့်လှစ်ပေးခြင်း၊ ကျွဲ၊ နွားမွေးဖက်ပေးခြင်း၊ တိရစ္ဆာန်အစာပင်မြက်မျိုးများအခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး