မိုင်းဆတ် ဖေဖော်ဝါရီ ၂၀
မိုင်းဆတ်ခရိုင် မိုင်းဆတ်ခရိုင်၊မိုင်းဆတ်မြို့၊ မယ်ဆွယ် တောင်ရပ်ကွက် အ.ထ.က(ခွဲ) (အ.လ.က(၂)တွင် သဘာဝဘေးအန္တရယ် လျှော့ချရေးနှင်.တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ(၂၀)ရက် နေ့လည်(၁၁)နာရီခွဲအချိန်တွင် ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင်.အဖွဲ့၀င်များ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင်.အဖွဲ့၀င် များ၊ ခရိုင်မီးသတ်ဦးစီးမူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ကျောင်းအုပ်ဆရာမကြီးနှင့်ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားဖွင်လှစ်ပြီး ပထမပိုင်းအစီအစဉ်အရ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးမှအဖွင့်အမှာစကားပြောကြားခြင်း၊ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူး တင်စကားပြောကြားပြီး ဒုတိယပိုင်းအစီအစဉ်အရ အသိပညာပေး ဆောင်ရွက်ရန် ကျောင်းသားကျောင်းသူများအား နေရာယူစေပြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူများမှ သဘာဝဘေးအန္တရယ် လျှော့ချရေးနှင့်တုန့်ပြန်ဆောင် ရွက်ရေးအသိပညာပေးသရုပ်ပြအစီအစဉ်များ ဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှာ လိုက်လံကြည့်ရှုအားပေးခဲ့ပါကြောင်း တင်ပြအပ်ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး