
ရပ်စောက် ဖေဖေါ်ဝါရီ-၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှူဖြင့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (တောင်ကြီးမြို့) ဆေးတက္ကသိုလ်(တောင်ကြီး) စဝ်စံထွန်းပြည်သူ့ဆေးရုံးကြီးနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတို့မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကု ကွင်းဆင်းဆေးကုသမှုကို ဖေဖေါ်ဝါရီ(၁၇)ရက် နံနက် (၉)နာရီခွဲက တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ တိုက်နယ်ပြည်သူ့ ဆေးရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများမှ လာရောက်ဆေးကုသခံယူနေမှုကို လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အထူးကု ကွင်းဆင်းဆေးကုသပေးသည့်အဖွဲ့ များ၊ ပင်ဖြစ်တိုက်နယ် ပြည်သူ့ဆေးရုံ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား ထောက်ပံ့ငွေ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါအထူးကုကွင်းဆင်းဆေးကုသမှုတွင် စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးက ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများမှ အရိုးအထူးကု၊ ခွဲစိတ်အထူးကု၊ သားဖွားမီးယပ်၊ ကလေးအထူးကု၊ စိတ်ကျန်းမာရေးအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရေပြား အထူးကု၊ မျက်စိအထူးကု၊ သွားအထူးကုရောဂါများ စမ်းသပ်ကုသပေးလျက်ရှိရာ ဒေသခံ ရဟန်းသံဃာတော်များ၊ ပြည်သူများ (၆၄၉)ဦးမှ လာရောက်စမ်းသပ် ကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေ (ငွေလုံး၊ငွေရင်းဖြင့်) ဆောင်ရွက်ခဲ့သော ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ပင်ဖြစ်ကျေးရွာ၊ ရောင်ခြည်ဦး ရေလွဲဆည်(ပုန်းအင်းကန်)အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ရပ်စောက်မြို့နယ်၊ မြေနီကုန်းကျေးရွာအနီးရှိ ဦးစိုင်းကျော်ဝင်းမှ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိသော မိုင်းသောက်သရက်ဥယျာဥ်ခြံတွင် အစ္စရေး+မြန်မာနည်းပညာဖြင့် စိုက်ပျိုးထားသည့် (၃၂)ဧက အပင်(၄၀၀) စိန်တလုံးသရက်ခြံသို့ သွားရောက်ကြည့်ရှုရာ ခြံတာဝန်ခံများမှ လိုက်လံရှင်းလင်းကြောင်း သိရှိရသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့နယ်၊ ကျောက်နီမွေးမြူရေးဇုန်အတွင်း ဖောက်လုပ်မည့် လမ်းနှင့် ပတ်သက်၍ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမောင်မောင်ဝင်းမှ ရှင်းလင်းပြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်မှ မြေအောက်ရေများ တူးဖော်ရရှိမှုအခြေအနေနှင့် ဆိုလာစနစ်ဖြင့် ရေဖြန့်ဝေပေးနေမှု ရေစုကန် ဂါလံ(၃၀၀၀)ဆံ့ရေကန် တည်ဆောက်နေမှုတို့ကို ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ပြီး ရေထွက်ရှိနေမှု၊ ဆိုလာစနစ်ဖြင့် ရေတင်နေမှုတို့ကို ကြည့်ရှူစစ်ဆေး၍ ကွန်လုံကျေးရွာအုပ်စု၊ ကျောက်နီမွေးမြူရေးဇုန်အတွင်း ရေလှောင်ကန်၊ ရေယူမြောင်းရေဆိုးထုတ်မြောင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် (ကျောက်နီစိုက်ကွင်း)အတွင်း မွေးမြူရေးဇုန် လျာထားမှု အခြေအနေများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နွားမွေးမြူတောင်သူများနှင့်တွေ့ဆုံ၍ နွားမွေးမြူသူများ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နွားမွေးမြူသူ ဦးလှိုင်မြင့် စိုက်ပျိုးထားသော နွားအစာပင် နေဗီယာမြက် အမျိုးအစားအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး