
ဟိုပုံး ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့မဈေး အတွင်း လက်တွေ့မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြသခြင်းကိုဖေဖော်ဝါရီလ၁၃ရက် နံနက် ၉ နာရီခွဲအချိန်က ဟိုပုံးမြို့ မြို့မဈေးတွင် ပြုလုပ်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လက်တွေ့မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသ ဆောင်ရွက် ခြင်းနှင့် အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မိုးနိုင်က မီးသတ်ဆေးဘူးများ ထားရှိရေး၊ ဆေးဘူးများကို စနစ်တကျအသုံးပြုတတ်စေရေး၊ အခြေခံမီးသဘော တရားများ၊ မီးလောင်ခြင်းအမျိုးမျိုး၊ ကြိုတင်ကာကွယ်ရမည့် ပစ္စည်းများထားရှိရေး၊ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျကြိုတင်ဆောင်ရွက်ရေး၊ မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ်ခြင်း၊ မီးအတန်းအစားများအား ရှင်းလင်းခြင်း၊ မီးငြိမ်း သတ်နည်း (၄)နည်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဈေးသူ၊ ဈေးသားများအား အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များက လက်တွေ့ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အရေးပေါ် မီးငြိမ်းသတ်မှု မီးသတ်ဆေးဘူးကို ရေစိုအဝတ်ဖြင့် လက်တွေ့သရုပ်ပြခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ကြောင်းသိရသည်။ အဆိုပါလက်တွေ့သရုပ်ပြသဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ဖြိုးနိုင်ဦး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဉာဏ်လင်းမောင်တို့က ကြည့်ရှုအားပေးပြီးနောက် မြို့မဈေးနှင့် ဈေးဆိုင်များတွင် ထားရှိရမည့် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးများထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ကြကြောင်းသိရသည်။
ပွင်းလင်းရာသီတွင် ဟိုပုံးမြို့နယ်၌ မီးလောင်မှုမီးလန့်မှုများမဖြစ်ပေါ်စေရေး၊ မီးလောင်မှု ဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းငြိမ်းသတ်နည်းအတွက် ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများနှင့်အတူ အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြသခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး