လွိုင်လင် ဖေဖော်ဝါရီ ၁၂
(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ သ၀ဏ်လွှာဖတ်ပွဲအခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၂)ရက် နံနက်၇:၀၀ အချိန်၌ လွိုင်လင်ခရိုင်၊ ဘတ်စုံသုံးအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။ ၎င်းအခမ်းအနားကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ ဆုရအားကစားသမားများ စုစုပေါင်းအင်အား (၄၆၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် တက်ရောက်လာသူများမှ နိုင်ငံတော်အလံအား အလေးပြုကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကံစောလှိုင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပြီး အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး