
ပင်လောင်း ဖေဖော်ဝါရီလ ၉
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွက် သားသတ်လုပ်ငန်းနှင့် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များအား စျေးပြိုင်စနစ်ဖြင့် ရောင်းချခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၈ရက် နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးညီညီမင်းက အမှာစကားပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးလူထွန်း က လုပ်ငန်းလိုင်စင်များနှင့်စျေးပြိုင်စနစ်ရောင်းချခြင်းနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် လိုင်စင်လုပ်ငန်းများ ရောင်းချရာတွင် ပင်လောင်းမြို့ဝင်ဘီးကောက်၊ မြို့မစျေး ပျံကျစျေးကောက်၊ ယာဉ်ရပ်နားခကောက် ၊ အများသုံးအိမ်သာ၊ မြို့မ ဝက်ခုံ(၃)ခုံ ၊ အမဲခုံ လုပ်ငန်းများ၊ ဆောင်းပြောင်းစျေးကောက်၊ နောင်ဝိုးစျေးကောက်၊ ပင်ခွန်စျေးကောက်၊ ထီယွန်းစျေးကောက်၊ နောင်တရား ကျွဲနွားပွဲ စျေးကောက်၊ နောင်တရား စျေးကောက်၊နောင်တရားမြို့ဝင်ဘီးကောက်၊ နောင်တရားယာဉ်ရပ်နားခကောက်၊ နောင်တရားမြို့မစျေး ဝက်ခုံ(၃)ခုံ၊ နောင်တရားမြို့မစျေး အမဲခုံ၊ တီကျစ် စျေးကောက်၊ တီကျစ် ယာဉ်ရပ်နားခကောက်ခ၊ ကျေးလက် ဝက်ခုံ(၅)ခုံ၊ ကျေးလက် အမဲခုံ(၁) စုစုပေါင်း လုပ်ငန်းလိုင်စင် (၃၄)ခုရှိသည့်အနက် လုပ်ငန်း(၂၉)ခုမှ စုစုပေါင်းငွေကျပ်သိန်း (၁၃၅,၂၃၀,၀၀၀) ရောင်းချရပြီး၊ ကျန်ရှိသည့် လုပ်ငန်းလိုင်စင်ငါးခုကိုလည်း ဆက်လက်ရောင်းသွားမည်ဖြစ်ကြောင်း စည်ပင်သာယာဌာနထံမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး