နောင်တရား ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နန်းပုလင်းကျေးရွာအုပ်စု အ.လ.က ထီရီးကျောင်းနှင့် နောင်ပီကျေးရွာအုပ်စု အ.ထ.က လွယ်ဘောင်းကျောင်းတို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို လူငယ်အသိပညာပေးလုပ်ငန်းကို ဖေဖော်ဝါရီလ ၉ရက် နံနက်ပိုင်းတွင်ဆောင်ရွက်သည်။
နောင်တရားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့ဦးစီးမှူး ဦးစိုးတင့် က အ.ထ.ကလွယ်ဘောင်းကျောင်းတွင် ပြည်ထောင်စုစိတ်ဓါတ်ခေါင်းစဉ်ဖြစ် လည်းကောင်း၊ ဓါတ်ပုံ-၂ ဦးခွန်အောင်ဟန်က အ.လ.ကထီရီးကျောင်းတွင် ပြည်ထောင်စုအဓိဌာန်ခေါင်းစဉ်ဖြစ် လည်းကောင်း အသိပညာပေးဟောပြောသည်။
ထို့နောက် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်တွက် (၇၇)နှစ်မြောက် ပြည်ထောင်စု့နေ့အထိမ်းအမှတ် ဓါတ်ပုံပြပွဲပြသခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းနှင့် (၇၇)ခုနှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး