
ကျိုင်းတုံ ဖေဖေါ်ဝါရီ-၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် ၊တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ဖေဖေါ်ဝါရီ(၁၀)ရက် မွန်းလွဲ(၁)နာရီက ကျိုင်းတုံမြို့၊မြို့တော်ခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း ၂၀၂၀ပြည့်နှစ်ဧပြီလမှ စတင်၍ထောက်ပံ့ငွေပေးအပ်ခဲ့ရာ ၂၀၂၃၂၀၂၄ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အထိ စုစုပေါင်း(၁၈၃၅၅၁)ဦးအတွက် ထောက်ပံ့ကြေးငွေစုစုပေါင်း (၇၈၆၈.၁၃)ကျပ်သန်းအား ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့တွင်ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသောအဘိုး(၅၆၂)ဦး၊ အဘွား(၁၁၁၀)ဦး စုစုပေါင်း(၁၆၇၂)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ ၅၀,၁၆၀,၀၀၀/ကျပ် (ငါးရာတစ်သိန်းခြောက်သောင်းတိတိ)နှင့် ကိုယ်ဝန်ဆောင်(၆၂၈)ဦး ၊ကလေး(၄၀၀)ဦး စုစုပေါင်း(၁၀၂၈)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၄၃,၁၄၀,၀၀၀/ကျပ် (လေးရာသုံးဆယ့်တစ်သိန်းလေးသောင်းထောင်တိတိ)ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၉၃,၃၀၀,၀၀၀/ကျပ် (ကိုးရာသုံးဆယ့်သုံးသိန်းတိတိ)တို့အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ထောက်ပံ့ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြီး ထောက်ပံ့ငွေများပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လူမှုရေးပင်စင်ရ အဘိုး၊အဘွားနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်၍လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က တာချီလိတ်ခရိုင် မိုင်းဆတ်ခရိုင်တို့ကို ထောက်ပံ့ငွေပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဘိုး၊ အဘွားနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး