မိုင်းဆတ် ဖေဖော်ဝါရီ ၃

စနေနေ့ စုပေါင်း သန့်ရှင်းရေးကို မိုင်းဆတ်မြို့ မြို့သစ်ရပ်ကွက်ရှိ ပေါ်တော်မူမိုးကောင်းဓာတ်ပေါင်းစု စေတီတော်နှင့် ပုရဝဏ်ဝန်အတွင်း၌ ဖေဖော်ဝါရီလ(၃)ရက်နေ့ နံနက်(၇) နာရီအချိန်တွင် မိုင်းဆတ်ခရိုင်၏ ခတ္တ စကခ (၁၄) မူး၊ ဗိုလ်မှူးကြီးဇင်မင်းထွန်းဦးဆောင်သော တတ်ရင်းတပ်ဖွဲ့များ၊ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီထွေး ဦးဆောင်သည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များပါဝင် ပြီးစုစုပေါင်း အင်အား (၂၇၄)ဦး စုပေါင်း သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
အဆိုပါ သန်ရှင်းရေးအား ဘုရားစေတီအပ အတွင်းနှင့် အပြင်ဘက် အနောက်ဘက်ဝန်းကျင်တို့အား မြက်ဖြတ်စက်များဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြုံနွယ်များ ခုတ်ထွင်ခြင်း၊အမှိုက်များ မီးရှို့ ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး