လွိုင်လင် ဖေဖော်ဝါရီ ၃

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၃)ရက်နေ့၊ နံနက် (၉) နာရီခွဲအချိန်၊ လွိုင်လင်မြို့နယ်၊ မြို့မဈေးရှေ့(နာရီစင်အနီး)၌ ကျင်းပခဲ့သည်။
အဆိုပါ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးကံစောလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းထွဋ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်နှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး