ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ဟိုမိန်းမြို့ အမှတ်(၃)ရပ်ကွက်ရှိ အ.မ.က(မူလွန်)ပန်သပြေ ကျောင်းတွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကို ဇန်နဝါရီလ(၂၆)ရက် နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ကျောင်းသား/သူ လေးများမှ မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဟိုမိန်းမြို့ လှုပ်ရှားအမှတ်(၃) စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်မြတ် ၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်တို့က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခေးဆင့်နှင့် အ.မ.က(မူလွန်) ပန်သပြေကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေမော်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ဆုရရှိသော ကျောင်းသား/သူများအား တာဝန်ရှိသူများက အသီးသီးဆုများပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား/သူများမှ အကပဒေသာများ ဖြင့် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါ အ.မ.က(မူလွန်)ပန်သပြေကျောင်း၌ကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့ လှုပ်ရှားအမှတ်(၃)စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်မြတ်နှင့် တပ်ဖွဲ့ဝင်များ ၊ မြို့အုပ်ချုပ်ရေးဦးသူရအောင်နှင့်ဝန်ထမ်းများ ၊ မြို့အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ ဆရာမများ ၊ ကျောင်းသားမိဘများ ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး