ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူ အသက် ၇၀ နှစ်အထက် ဘိုးဘွားများ၊ အသက် ငါးနှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်မသန်စွမ်းသူများအား လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ဇန်နဝါရီ ၂၆ရက် နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများမှ အသက် ၇၀ နှစ်အထက် ဘိုးဘွား (၁၃၇)ဦး၊ အသက် ငါးနှစ်အောက် ကလေးငယ်(၁၆၉)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၁၄)ဦးနှင့် မသန်စွမ်း(၁၀)ဦး၊စုစုပေါင်း (၃၃၀)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၉၉၀၀၀၀၀)သိန်း ထောက်ပံ့ပေးခဲ့ကြောင်း၊ အဆိုပါထောက်ပံ့ငွေများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးတို့က ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး