ပင်လောင်း ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင်ယာယီတိုက်ပွဲရှောင်ပြည်သူများကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်များ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အဝတ်အထည်များအား ဇန်နဝါရီလ( ၂၃)ရက် နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စု တစ်စုလျှင် ဆန် ခြောက်ပြည်၊ ဆီ ၂၅ ကျပ်သား၊ ကုလားပဲ ၂၅ ကျပ်သား၊ ဆား တစ်ပိဿာ၊ ခေါက်ဆွဲခြောက် ငါးထုတ်၊ ကြက်ဥ ၁၀ လုံး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်သူ တစ်ဦးလျှင် အဝတ် တစ်ထည်နှင့် ဆပ်ပြာမွှေးခဲ တစ်ခဲတို့ကို ထောက်ပံ့ပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု စားရေးဝန်ထမ်းများနှင့် ယာယီတိုက်ပွဲရှောင်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပင်လောင်းမြို့နယ်အတွင်းသို့ ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၉၄၇) စု၊ လူဦးရေ (၃၄၈၃) ဦးရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး