ပင်းတယ ဇန်နဝါရီ-၂၀

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီ(၁၉)ရက် နံနက်(၁၁)နာရီ က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယဝါတရာတွင် ဦးမေထှာ ဒေသနွား မွေးမြူရေးခြံတွင် အထီး(၁၆)ကောင်၊ အမ(၄)ကောင် စုစုပေါင်း(၂၀)ကောင် မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ ပင်းတယမြို့နယ်ကျား ကုန်းကျေးရွာအုပ်စု၊ ကျားကုန်းခေတ်မီ စံပြကျေးရွာတွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမောင်မောင်ဝင်းက ရှင်းလင်းပြီး ဆည်ရေနှင့် ပတ်သက်၍ပြည်နယ်ရေအသုံးချရေးနှင့် ဆည်မြောင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦးတို့က ရှင်းလင်းတင်ပြ ကြကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသခံပြည်သူများအားတွေ့ဆုံရာ ကျားကုန်းကျေးရွာသည် စိုက်ပျိုးရေးကို အဓိကထားသည့်အတွက် စိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် မိမိဒေသအသိပညာရှင်၊ အတတ်ပညာရှင် ပေါ်ထွန်းလာအောင်ဆောင်ရွက်ပေးကြရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း တန်ဖိုးမြှင့်ထွက်ကုန် တိုးတက်အောင် ဆောင်ရွက်ပေးနေကြောင်း ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ကျားကုန်းစံပြကျေးရွာရှိဆည်နှင့် ရေစုကန်မှရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပင်းတယမြို့နယ် ကျားကုန်း(Smart Village)ကျေးရွာအဖွဲ့ဝင်(၅)ဦးဖြင့် မွေးမြူထားသော ရွှေနီဝက်ခြံအား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ပင်းတယမြို့နယ် သရက်ကုန်းကျေးရွာအုပ်စု၊ ရေချမ်းစင်ကျေးရွာတွင် တောင်သူဦးချစ်ဟန် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော ရေဆင်း(၉)ဂျုံစိုက်ခင်းအား သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။ အဆိုပါဂျုံစိုက်ပျိုးမှုတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယတစ်မြို့နယ်လုံးတွင် အထွက်နှုန်း ရှစ်သောင်းတစ်ထောင်နှုန်းခန့်ထွက်ရှိကြောင်းသိရသည်။ ၎င်းနောက် ပင်းတယမြို့နယ် ရေချမ်းစင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများအိမ် တည်ဆောက်နေမှုနှင့် အခြေခံပညာအလယ်တန်းကျောင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ကျန်းမာရေးဌာနနှင့် အခြေခံအလယ်တန်းကျောင်း အတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက်မွန်းလွဲ(၁)နာရီတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ပင်းတယမြို့နယ်ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ တွေ့ဆုံရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ဒေသဖွံ့ဖြိုးရေးနှင့် လုပ်ငန်းစီမံချက်များ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်းသိရပြီး ပင်းယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆေးလိပ်ငွေ့ကင်းစင် ပင်းတယတခွင်၊ ထိန်းသိမ်းမြှင့်တင်မှု အသိပညာပေးအခမ်းအနား တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက အဖွင့်အမှာစကားပြောကြား၍ ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်ဝင်းနိုင်မှ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမိုမို့ကြည်မှ ဆေးလိပ်ငွေ့ကင်းစင်ပင်းတယတခွင်အစီအစဥ်ကို ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ရှင်းလင်းပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ခရိုင်မှူးတို့က လက်ခံရယူကြကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ပင်းတယမြို့ဆင်ခေါင်းရပ်ကွက် ဦးခွန်သာဝင်း အိမ်တွင် အမှုန့်ကြိတ် စက်နှင့် နေကြာဆီကြိတ်နေမှုကို ကြည့်ရှုပြီး ပင်းတယဟော်ကုန်းရပ်ကွက်ရှိ ဦးမိုးဇော် သီးနှံစုံရောင်းဝယ်ရေးပွဲရုံနှင့် အမေ့အိမ်ဆေးဖက်ဝင် ဓာတ်စာအိမ်တွင်းမှုလုပ်ငန်းဆောင်ရွက်နေမှု၊ ဝင့်ဝါဟိန်း ပြောင်း၊ အစို၊ အခြောက် ရောင်းဝယ်ရေးတို့ကို သွားရောက်ကြည့်ရှုကြ ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး