ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်တယမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားအား ဇန်နဝါရီလ(၁၈)ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်)ရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်)မှကျောင်းသား/ကျောင်းသူများက “စုံညီပွဲ တော်တို့နွဲပျော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအာကာလင်းက ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကဏ္ဍတွင်ဘက်စုံပညာဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား/ကျောင်းသူများ ဖြစ်ထွန်းလာရေးအတွက်ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ ပြုစုပျိုးထောင်ရာတွင်လည်း ပုံမှန်သင်ကြားရေးအပြင် ရိုးရာယဉ်ကျေးမှု ထုံးတမ်းဆိုင်ရာလုပ်ငန်းများကို နားလည်သိရှိပြီးပါဝင်ဆောင်ရွက် တတ်စေရန်၊ နိုင်ငံတော်၏နေ့ကြီးရက်ကြီးများဆိုင်ရာအထိမ်းအမှတ်လုပ်ငန်းများကို နားလည်သိရှိပြီး ပါဝင်ဆောင် ရွက်တတ်စေရန်၊ မိမိနှင့်မိမိပတ်ဝန်းကျင်ကို တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ပြုပြင်နေထိုင်တတ်စေရန်၊ တစ် ကိုယ်ရေကျန်းမာရေးမှ ပတ်ဝန်းကျင်ကျန်းမာရေးအထိတန်ဖိုးရှိ ကျင့်ကြံနေထိုင်တတ်စေရန် အစရှိသည့် အရည် အချင်းများနှင့် ပြည့်စုံသည့်နိုင်ငံသားများဖြစ်ထွန်းရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ/ဆရာမ များအနေဖြင့် ကျောင်းသား/ကျောင်းသူများအား ဘက်စုံပညာဖွံ့ဖြိုးသော စည်းကမ်းရှိသော၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သော၊ နိုင်ငံတော်ကိုချစ်မြတ်နိုးသည့် နိုင်ငံသားကောင်းများဖြစ်အောင် ပျိုးထောင်ပေးကြ စေလိုကြောင်း၊ ကျောင်းသားမိဘများအနေဖြင့်လည်း ဆရာ/ဆရာမများနှင့်ပူးပေါင်းကာ သားသမီးများကျောင်းနေမြဲ ၍ကျန်းမာပျော်ရွှင်စေရေးအလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့ဝင်များနှင့် ရပ်ရွာလူ့အဖွဲ့အစည်းများကလည်း ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေးနှင့် ကျောင်းအဖက်ဖက် မှတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးသင် ဆရာ/ဆရာများ၊ ဂုဏ်ထူးရကျောင်း သား/ကျောင်းသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်ကျောင်းသား/ကျောင်းသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများ၊ လူရည်ချွန်ပြိုင်ပွဲ၊ စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူ များအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်)မှ ကျောင်းသား/ ကျောင်းသူများက တေးသီချင်း များ၊ အကများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးအာကာလင်းနှင့် အဖွဲ့ဝင်များသည် ပညာရေးစုံညီပွဲတော်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး