တောင်ကြီး ဇန်နဝါရီ-၉

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှနိုင်ငံတော်သြဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား မေတ္တာဖြင့်(MedicalCheckup) ကျန်းမာရေးစစ်ဆေးပေးမှုကို ဇန်နဝါရီ(၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ကျင်းပသည်။
စဝ်စံထွန်းဆေးရုံကြီးတွင် လတောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့မှဆရာတော်၊ သံဃာတော်(၁၂)ပါးတို့မှ လာရောက်စမ်းသပ်ကုသပေးနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုအားပေးကြပြီး ဆေးကုသပေးမှုတွင် ဒေါက်တာဝင်းနိုင် ပြည်နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာဝင်းမော်ဦး စဝ်စံထွန်းဆေးရုံအုပ်ကြီးတို့မှ ဦးဆောင်၍ စဝ်စံထွန်းဆေးရုံကြီး ပါမောက္ခအထူးကုဆရာဝန်ကြီးများမှ နား၊ နှာခေါင်း၊ လည်ချောင်း၊ နှလုံးရောဂါ၊ ဆီးချို၊ သွေးချို၊ အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဓါတ်ခွဲစစ်ဆေးစမ်းသပ်ကုသပေးကြကြောင်းနှင့် ဇန်နဝါရီ(၁၀)နေ့ရက်အထိ စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး