တောင်ကြီး ဇန်နဝါရီ-၈

ရှမ်းပြည်နယ်၂၀၂၃-၂၀၂၄ပညာသင်နှစ်ပြည်နယ်ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ(၈)ရက် နံနက်(၉)နာရီကတောင်ကြီးမြီု့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
ဦးစွာအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူ ဘင်ခရာတပ်ဖွဲ့မှ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးအား အလေးပြုကြပြီး အ.ထ.က(၁)ကျောင်းသား၊ ကျောင်းသူမြန်မာ့သိုင်းအဖွဲ့ကသရုပ်ပြသကြသည်။
ဆက်လက်၍စုံသညီပွဲတော်အားရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်ဦးသန်းဦးလွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးအေးလှိုင်၊ ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်နီလာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက်အခမ်းအနားအစီအစဥ်အရ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက `စုံညီပွဲတော်တို့နွဲပျော်´သီချင်းဖြင့်သီဆိုဖျော်ဖြေကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက မိဘ၊ဆရာနှင့်ကျောင်းသားများ စည်းလုံးညီညွတ်စွာနှင့် ပညာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်နေကြသည်မှာ စုံညီပွဲတော်ကျင်းပရသည့်ရည်ရွယ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုဖြစ်ပြီး တစ်နှစ်တာကာလအတွင်းကာယ၊ဥာဏထူးချွန်ကျောင်းသား၊ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနသည်လူသားရင်းမြစ်များဖွံ့ဖြိုးတိုးတက် ရေးအတွက် အဓိကထားဆောင်ရွက်နေသည် နေရာဖြစ်ပါကြောင်း၊ ပညာရေးတွင် တာဝန်ယူဆောင်ရွက်နေကြသောတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများအနေဖြင့် အနာဂတ်တွင် ခေါင်းဆောက်ကြမည့် လူငယ်ကျောင်းသား၊ ကျောင်းသူများကိုစာသင်ရုံသာမက ဘက်စုံဖွံ့ဖြိုးသူများဖြစ်လာရန်၊ ကိုယ်တိုင်ဝေဖန်ပိုင်းခြားစဥ်းစားတွေးခေါ်နိုင်ခြင်း၊ ပြဿနာကို ဖြေရှင်းတတ်ခြင်း၊ ပြောဆိုဆက်ဆံမှုကျွမ်းကျင်ခြင်း၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ တီထွင်ဆန်းသစ်ဖန်တီးနိုင်ခြင်းများပြုလုပ်တတ်စေရန်နှင့် ဒေသဖွံ့ဖြိုး ရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်သည့်လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးစေလိုကြောင်း ပြောကြားသည်။
၎င်းနောက်ဗဟိုအဆင့်နှင့် ပြည်နယ်အဆင့် ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၏ဇနီး၊ ပြည်နယ်ဝန်ကြီးများ၏ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီးတို့က အသီးသီးဆုများချီးမြှင့်ပေးကြသည်။
ယင်းနောက်အမှတ်(၄)အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူ လေးများက ရှမ်းတိုင်းရင်းသားအက၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများမှ ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ပြည်နယ်ပညာရေး ဒုတိယညွှန်ကြားရေးမှူးနှင့် အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီးတို့မှ လက်ခံရယူ၍ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်းခင်းကျင်းပြသထားသော ပြခန်းများအားလှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး