ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မော်တော်ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများအားလုံး အသက်ကယ်ထိုင်ခုံခါး ပတ်တပ်ဆင်မောင်းနှင်ရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဇန်နဝါရီ (၅)ရက်နံနက် ၉ နာရီအချိန်က ဟိုပုံး-တောင်ကြီးသွားလမ်း ပြည်ထောင်စုလမ်းမကြီး နေမင်းရောင်တိုးဂိတ်တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ဖြိုးနိုင်ဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကိုကိုလင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ နယ်မြေခံတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဟိုပုံး-တောင်ကြီးသွားလမ်း ပြည်ထောင်စုလမ်းမကြီး နေမင်းရောင်တိုးဂိတ်တွင် သွားလာလျက်ရှိသည့် မော်တော်ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများအားလုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လမ်းညွှန်သင်္ကေတများနှင့် အသက်ကယ်ထိုင်ခုံခါးပတ် စနစ်တကျတပ်ဆင်မောင်းနှင်သွားလာကြရန်၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်များကို စနစ်တကျဆောင်းကြရန်၊ မောင်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် သိရှိလိုက်နာရမည့်အချက်များ၊ ယာဉ်အန္တရာယ်ကြောင့် အသက်အန္တရာယ်ထိခိုက်မှုနှင့် ကိုယ်လက်အင်္ဂါထိခိုက်မှု မဖြစ်ပွားစေရေးအတွက် လမ်းဖြတ်ကူးရာတွင် သိရှိလိုက်နာရမည့် အချက်များအသိပညာပေးဆောင်ရွက်ခဲ့ကြပြီးနောက် ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး